ဟိုင်းပါ ရေတံခွန်

လူတိုင်းလိုလို ခရီးသွားဖူးမှာ‌‌တော့အမှန်ပဲ လူတိုင်းမှာမတူညီတဲ့ စိတ်ခံစားချက်ကိုယ်စီရှိကြတဲ့အထဲမှာ ကျွန်တော်လည်းတစ်ယောက်အပါ၀င်ပေါ့ တစ်ချို့ကြတော့ ရောက်ဖူးချင်လို ခရီးသွားကြတယ် တစ်ချို့ကြပြန်တော့ အလုပ်ကိစ္စကြောင့်မဖြစ်မနေသွားရတယ် တစ်ချို့ကြတော့လည်း ဓါတ်ပုံလှလှလေးတွေရိုက်ချင်လို့ တစ်ချို့ကြတော့ ကိုယ်ဖတ်ဖူးမှတ်ဖူးထားတဲ့ အတိုင်းရှိမရှိ ကိုယ်တိုင်မြင်ဖူးချင်လို့  တစ်ချို့ကြပြန်တော့လည်း အပမ်းဖြေသဘောနဲ့သွားတာလည်းရှိကြပါတယ် ကျွန်တော်လည်းသွားရတာ အတော်နှစ်သက်ပါတယ်  အခုကျွန်တော် ရောက်ခဲ့ဖူးတဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့ ''ဟိုင်းပါ " ရေတံခွန်အကြောင်းလေးမျှ၀ေပေးမှာ ဖြစ်ပါတယ် ''ဟိုင်းပါ" ရေတံခွန်ကိုဖြစ်လာစေတဲ့ မြစ်က အရင်းခံပြီး "သံလွင်"မြစ်နဲ့ ပြန်ပေါင်းစည်းပေးပြီးတော့ မြစ်နာမည်ကိုတော့ "နမ့်ပန်"မြစ်လို့ပါတယ်
"ဟိုင်းပါ" ရေတံခွန် တည်နေရာကတော့ မိုင်းရှုးမြို့နယ် "ဟိုင်းပါ"ရွာအနီးမှာ တည်ရှိပါတယ် ဒီနေရာမှာ အရမ်းလှလို့ လူအသွားများကြတာလဲဖြစ်တယ် ။
"နမ့်ပန်"မြစ်အတွင်းမှာ မိုင်းရှူးမြို့နယ်ကနေ သံလွင်မြစ်အထိ ရေတံခွန်မြောက်များစွာ ရှိပေမဲ့ သွားလာရေး အခက်အခဲကြောင့် ဟိုင်းပါ ရွာအနားက ရေတံခွန်ကတော့ လမ်းခရီးလည်း အဆင်ပြေပြီး လူသွားများတဲ့နေရာဖြစ်တာကြောင့် အရှေတောင်အာရှမှာတောင် အလှဆုံးနေရာ အဖြစ်သတ်မှတ်ခံထားရတဲ့ နေရာလေးပါ ။
ဟိုင်းပါကိုသွားမယ်ဆိုရင် လမ်းကြောင်း၂လမ်းရှိပါတယ်
ပထမ တစ်လမ်းကတော့ = တောင်ကြီး - ခိုလမ် -မိုင်းနောင်- မိုင်းရှူး လမ်း
(တောင်ကြီး - မိုင်းကိုင် - ကျေးသီး - မိုင်းနောင်-မိုင်းရှူး လမ်း
ဒုတိယ တစ်လမ်းကတော့ = သီပေါ-မိုင်းရယ်-ကျေးသီး-မိုင်းရှူးလမ်း
(တန့်ယန်း-မိုင်းကောင်-မိုင်းရှူးလမ်း)

ရန်ကုန်၊မန္တလေး ကနေလာရင်တော့ နယ်ခံနဲ့သွားမှ အဆင်ပြေမယ် ဘာလို့လည်းဆိုတော့ တစ်နေရာမှာ အစစ်အဆေးလေးတွေ ကြုံတတ်လိုပါ ၊ နယ်ခံမရှိရင်တော့ ကျွန်တော့်ကို ဆက်သွယ်ပါ 😁😁
ရောက်ဖူးပြီးသွားရင်လည်း လက်တို့ခဲ့ဖို့မမေ့နဲ့နော်

Comments

Anonymous said…
လာလည်ကြတဲ့အတွက် အားျေးဇူးပါ